AM Synthesis
AM ဆိုတာကတော့ amplitude modulation ကိုပြောတာပါ။
amplitude ဆိုတာကတော့ အရင်တုန်းကပြောဖူးပါတယ်။ အလွယ်ပြောရင် volume လို့မှတ်လို့ရပါတယ်။
အဲ့တော့ AM synth ကတော့ Carrier oscillator ရဲ့ အသံအတိုးအလျော့ (volume) ကို modulator နဲ့ တုန်ခါစေပါတယ်။
အသံရဲ့ အတိုးအကျယ်ကို modulate လုပ်တာဖြစ်လို့ Tremolo effect လိုမျိုးရရှိနိုင်ပါတယ်။
ထူးဆန်းတဲ့ စက်ရုပ်သံတွေ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ Ambient အသံတွေနဲ့ အသံကို ပိုပြီး ကြမ်းတမ်း စေချင်တဲ့အခါ သုံးပါတယ်။
သုံးလေ့ရှိတဲ့ genre
-
Experimental
-
Industrial
-
Sci-fi sound
FM Synth
FM ဆိုတာကတော့ frequency modulation ကိုပြောတာပါ။
အဲ့တော့ FM synth ကတော့ Carrier oscillator ရဲ့ Frequency(pitch) ကို modulator လုပ်တာဖြစ်ပါတယ်။
အသံ၏ အနိမ့်အမြင့် (pitch) ကို အတက်အကျ ဖြစ်စေပါတယ်။
အသံက ကြည်လင်ပြတ်သားတယ်၊ သတ္တုသံ (Metallic) ဆန်တယ်၊ ဒါမှမဟုတ် ခေါင်းလောင်းသံ (Bell) တွေ ထွက်ပါတယ်။
သုံးလေ့ရှိတဲ့ genre
-
80s Pop
-
Synthwave , Retro
-
EDM
-
Game music

Comments
Post a Comment